UAV
ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန မောင်းသူမဲ့လေယာဉ်များ သန္ဓေတည်လာခြင်း - အပိုင်း (၅)
.ပင်မနေရာကလောင်ရှင်အထူးသတင်းကြားဖြတ်သတင်းမူဝါဒ/ဥပဒေ
ဥပဒေမူဝါဒအမိန့်ကြေညာချက်သုတေသနတပ်ပြုပြင်ပြောင်းလဲရေးVOA အသံလွှင့်ချက်DVB အသံလွှင့်ချက်စစ်ရာဇ၀တ်မှုစစ်အင်အား
ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းသင်္ခါရတရားနှင့်စစ်အာဏာရှင်စစ်အာဏာရှင်ကြီး၏အတွင်းရေးစစ်အင်အားကာကွယ်ရေးပစ္စည်းစက်ရုံများစစ်ယာဉ်များအထူးကဏ္ဍ
ကလေးစစ်သားစစ်သားအခွင့်အရေးအဂတိလိုက်စားမှုပြည်တွင်းသင်တန်းပြည်ပသင်တန်းသွေးစကား
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တွေ့တိုက်ပွဲတပ်တွင်းဆင်းရဲကျပ်တည်းမှုအိတ်ဖွင့်ပေးစာ..Skip to contentပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန မောင်းသူမဲ့လေယာဉ်များ သန္ဓေတည်လာခြင်း - အပိုင်း (၅) ..မောင်းသူမဲ့လေယာဉ်များ သန္ဓေတည်လာခြင်း - အပိုင်း (၅)
Wednesday, 11 July 2012 00:00 မူဝါဒ/ဥပဒေ - သုသေတန .User Rating: / 0
PoorBest
“SKY 02 UAV” လေယာဉ်၏ မြေပြင်ထိန်းချုပ်ရေးဆက်သွယ်ရေးပစ္စည်းများ
ပေးပို့သူ - ဝေဟင် (ပြည်တွင်းမှ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ လေတပ် အရာရှိ တစ်ဦး)
၅၁။ ‘SKY – 02 UAV’ လေယာဉ်၏ မြေပြင်ထိန်းချုပ်ရေးစခန်းသုံး ကွန်ပြူတာအတွင်း ထည့်သွင်း ထားသည့် 'Software' များဖြင့် အောက်ပါ “Data Processing” လုပ်ငန်းများအား ဆောင်ရွက်နိုင်ပါသည်-
(က) သာမန်စစ်ဆင်ရေးသတင်းရုပ်ပုံများကို ထောက်လှမ်းရရှိနိုင်ခြင်း “Common Operational Picture”။
(ခ) စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုခြင်း Persistent Surveillance'။
(ဂ) ဧရိယာတစ်ဝန်းအား ထောက်လှမ်းနိုင်ခြင်း “Area Reconnaissance”။
(ဃ) မှန်ကန်တိကျသောပစ်မှတ်အား ရှာဖွေပေးနိုင်ခြင်း “Accurate Target Acquisition”။
(င) လေယာဉ်မှတိုက်ရိုက် ရိုက်ကူးပေးပို့သော သတင်းဗွီဒီယိုပုံရိပ်အား ဆက်စပ် ပုံဖော် ပေးနိုင်ခြင်းနှင့် တည်ငြိမ်ပုံရိပ်အား ပြန်လည်ဖန်တီးပေးနိုင်ခြင်း “Live Video Mosaicking and Stabilization”
(စ) ထောက်လှမ်းရရှိသော ဗွီဒီယိုပုံရိပ်များအား ချိန်ညှိပေးနိုင်ခြင်းနှင့် မွမ်းမံပြင်ဆင်ပေးနိုင်ခြင်း “Video and metadata synchronization and refinement” ။
(ဆ) တိကျသော နေရာညွှန်းချက်ပေးနိုင်ခြင်းနှင့် မြေပုံညွှန်းချက်ပါရှိသော ဗွီဒီယိုပုံရိပ်များအား ရိုက်ကူးပေးပို့နိုင်ခြင်း “Geo-location and geo-registration of video”။
(ဇ) ရရှိလာသောပုံရိပ်အား ပိုမိုကြည်လင်ပြတ်သားအောင် ချိန်ညှိပေးနိုင်ခြင်း “Resolution enhancement”။
(ဈ) လှုပ်ရှားပစ်မှတ်အား ညွှန်ပြပေးနိုင်သောစနစ်ပါရှိခြင်း “Moving target indicators”။
(ည) ရရှိလာသောဗွီဒီယိုပုံရိပ်အား မြေပုံပေါ်တွင်ချိန်ကိုက်၍ ကြည့်ရှုနိုင်ခြင်း “Display video over a map with overlays”။
(ဋ) လက်တွေ့ပျံသန်းမှုမစတင်မီ ပျံသန်းမှုလမ်းကြောင်းနှင့် လုပ်ငန်းတာဝန်အား ကြိုတင် ပြင်ဆင်ခြင်း “Mission planning and operations: Path planning before flying”။
(ဌ) လေယာဉ်မှရိုက်ကူးရရှိသည့်သတင်းအချက်အလက်များနှင့် လေယာဉ်ဆိုင်ရာ အချက်အလက် များကို အချိန်နှင့် တစ်ပြေးညီ တွက်ချက်ဆောင်ရွက် ခင်းကျင်းပြသနိုင်ခြင်း “Intelligence Display”။
(ဍ) လေယာဉ်မှရိုက်ကူးရရှိသည့် သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ခွဲဝေဖြန့်ဖြူးပေးပို့နိုင်ခြင်း “Information Dispatch”။
၅၂။ “SKY-02” ယူအေဗွီများ၏ စွမ်းဆောင်ပေးနိုင်သော လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) သာမန်စစ်ဆင်ရေးသတင်းရုပ်ပုံများကို ထောက်လှမ်းရရှိနိုင်ခြင်း 'Common operational picture'
Subscribe to:
Comments (Atom)
No comments:
Post a Comment